စကားတစ်ခွန်းကြောင့်ဘုရားနှစ်ဆူကြာသည်ထိ လမ်းမှားသူ

1 year ago
2

စကားလေးတစ်ခွန်းကြောင့် ဘုရားနှစ်ဆူကြား လမ်းမှားခဲ့ရသူအကြောင်းကို
ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ကဿပဘုရားရှင်လက်ထက်မှာ သူငယ်ချင်းလယ်သမားနှစ်ဦးရှိပါတယ်။ လယ်သမားတစ်ဦးက ဘုရားရှင်ရဲ့ တရားတော်ကိုနာကြားပြီး
တရားအရသာကို သူ့ရဲ့သူငယ်ချင်းလယ်သမားကို ခံစားစေချင်သူဖြစ်ပါတယ်။

အဲ့ဒါကြောင့် သူနဲ့အတူ တရားလိုက်နာဖို့ တိုက်တွန်းပါတယ်။ ဘယ်လိုပဲ တိုက်တွန်းပါစေ သူငယ်ချင်းလယ်သမားကတော့ မလိုက်ဘူးဆိုပြီး ငြင်းပါတယ်။
''တရားမနာချင်ပါဘူး သူငယ်ချင်းရာ''ဆိုပြီး ပြောလိုက်ရင် ရပေမယ့် အပြစ်ဆိုချင်တဲ့စိတ် အကောင်းမမြင်တဲ့စိတ် ပါလာတဲ့အခါ သံသရာမှာ နစ်မွန်းသွားရပါတော့တယ်။
သူပြောလိုက်တဲ့စကားကတော့ ''ဟေ့ကောင် မင်းဘုရားတရားကို လိုက်နာလို့ ငါဘာအကျိုးရှိမှာလဲ။ မင်းဘုရားက ငါ့လယ်ကို လာထွန်ပေးမှာလား''ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမြတ်ဆုံးဖြစ်တဲ့ ဘုရားရှင်ကို ပြစ်မှားစော်ကားတဲ့စကားဖြစ်သွားတာကြောင့် အရိယူပဝါဒကံထိုက်သွားမှန်း အဲ့ဒီလယ်သမား မသိလိုက်ပါဘူး။
မသိတဲ့အတွက် ရှိခိုးတောင်းပန်ချင်းလည်း မရှိခဲ့ပါဘုး။ အခုခေတ်အခါမှာလည်း ဘာသာရေးအသိနည်းလို့ အရိယူပဝါဒကံထိုက်လို့ ထိုက်မှန်းမသိ ထိုက်နေတဲ့သူတွေလည်း
ရှိနိုင်တဲ့အတွက် သတိထားသင့်တယ်လို့ ကြားဖြတ်တိုက်တွန်းပါရစေ။

အဲ့ဒီလယ်သမား သေလွန်တဲ့အခါ တောကြီးမျက်မည်းထဲမှာ လယ်သမားပြိတ္တာဖြစ်သွားပါတယ်။ ပြစ်မှားခဲ့တဲ့ စကားတစ်ခွန်းကြောင့် ရပ်နားချိန်မရဘဲ ချွေးသံတရွှဲရွှဲနဲ့ လယ်ထွန်နေ
ရပါတယ်။ ဘယ်လောက်ထိတောင်လဲဆိုရင် ဘုရားနှစ်ဆူကြာသွားခဲ့ပါတယ်။ တစ်နေ့မှာတော့ ဘုရားဖူးလာတဲ့ ရဟန်းတော်တွေဟာ လမ်းမှားပြီး လယ်သမားပြိတ္တာကြီးကို
ရိုးရိုးလူအထင်နဲ့ လမ်းသွားမေးခဲ့ပါတယ်။ အဲ့ဒီအခါ ပြိတ္တာကြီးက ''အရှင်ဘုရားတို့ လမ်းမှားတယ်ဆိုတာ ရက်ပိုင်းပဲ ရှိပါသေးတယ်ဘုရား။တပည့်တော် အရိယူပဝါဒကံကြောင့်
လမ်းမှားနေတာကတော့ ဘုရားနှစ်ဆူတောင် ရှိပါပြီဘုရား''ဆိုပြီး လျှောက်ထားခဲ့ပါတယ်။

ပရိသတ်တို့ရေ တစ်ခါတစ်လေ စကားပြောဆိုတဲ့အခါ မိမိနှုတ်က ပြောလိုက်တဲ့စကားဟာ ဘယ်အဓိပ္ပာယ်ကို ရောက်သွားလဲ ဘယ်သူထိခိုက်သွားလဲဆိုတာကို သတိမထားမိတာ
မျိုးတွေ ရှိတတ်ပါတယ်။ တစ်သက်လုံး ပြောနေပြီး အပြောမတတ်တာကလည်း စကားပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် မိမိတို့ ပြောဆိုလိုက်တဲ့စကားတစ်ခွန်းဟာ သီလ သမာဓိ
ပညာနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို ပြောမှားဆိုမှားဖြစ်သွားခဲ့ရင် ချက်ချင်းတောင်းပန်ဖို့ လိုအပ်ပြီး မတောင်းပန်မိရင်တော့ သံသရာမှာ နစ်မွန်းတတ်တဲ့အကြောင်း
သတိထားဖွယ် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။

T-Shirt = https://c.lazada.co.th/t/c.bs8ogC
Royal Tea = https://c.lazada.co.th/t/c.bs8ngt
Myanmar Flag = https://c.lazada.co.th/t/c.bs8ouw

Email ID
cameramanbk50@gmail.com

Social Links
👥 Facebook: https://www.facebook.com/sayadawtv
▶️ Main Channel: http://www.youtube.com/c/SAYADAWtv?su...
🎦 Another Channel: https://www.youtube.com/channel/UCf9q...
📩 Telegram: https://t.me/+jPFAW3tRWfM4NzE9
📸 Instagram: https://www.instagram.com/sayadawtv/
🐦 Twitter: https://twitter.com/SayadawT

#sayadawtv #စကားတစ်ခွန်းကြောင့်

Loading comments...