ဆရာတော်ကြီးက စိတ်ထဲပေါ်လာတဲ့အတိုင်းဆုတောင်းပေးလိုက်တာဖြစ်မှာပါ.

1 year ago
3

မိုင်းဖုန်းဆရာတော်ကြီးငှက်ဖျားဒဏ်ကြောင့်သတိလစ်သွားခဲ့ပြီး ထိုင်းမှာဆေးရုံတင်ခဲ့ရတယ်..
သတိပြန်လည်လာတော့ ဘန်ကောက်ဆေးရုံကနေ မေတ္တာပို့အမျှဝေတယ်..
ဘုရားဒကာကြီးမင်းအောင်လှိုင်ဆိုပြီး မြန်မာနိုင်ငံသားတွေရော ယိုးဒယားဘုရင်ကြီးကိုပါအမည်ဖေါ်မေတ္တာပို့တယ်.. တချိန်တုန်းက ရန်ကုန်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့တဆင့် ဘုရားဆင်းတုတော်တဆူသူကိုယ်တိုင်ပေးအပ်ချီးမြှင့်ခဲ့တဲ့ဒကာမကြီးဒေါ်အောင်ဆန်းစုကြည်ကိုတော့နာမည်ဖေါ်မေတ္တာပို့တာမကြားမိဘူး။
၃နှစ် ၃လ ၃ ရက် ဆရာတော်ကြီးဂူအောင်းအဓိဌါန်ဝင်တရားကျင့်နေတဲ့ကာလအတွင်း မြန်မာပြည်ကြီးရဲ့အခြေအနေဟာလုံးဝပြောင်းလဲသွားခဲ့တာ..
ဆရာတော်ကြီးကသိပုံပေါ်ပါတယ်.. နိုင်ငံသားတွေအားလုံး ညီညီညွတ်ညွတ် မေတ္တာ ဂရုဏာ မုဒိတာ ဥပက္ခာ တရားတွေထားရှိနိုင်ကြပါစေလို့လဲဆုတောင်းပေးတယ်..
စစ်ခေါင်းဆောင်ကိုနာမည်ဖေါ်ဆုတောင်းပေးလို့ဆိုပြီး ဆရာတော်ကြီးကိုလူတွေကဒေါသတကြီးရန်လုပ် ဝေဖန်ကြမယ်တော့မထင်ပါဘူး.. ဆရာတော်ကြီးက စိတ်ထဲပေါ်လာတဲ့အတိုင်းဆုတောင်းပေးလိုက်တာဖြစ်မှာပါ..
သန်းလွင်ထွန်း
၁၆ သြဂုတ် ၂၀၂၂

Loading comments...