သစ္စာ၏ စွမ်းပကား || Sayadaw Tv

1 year ago
3

သစ္စာ၏ စွမ်းပကား || Sayadaw Tv

ဓမ္မမိတ်ဆွေတို့ရေ မှန်မှန်ကန်ကန် နှုတ်ကနေ ပြောဆိုကြေညာတာကို သစ္စာဆိုတယ်၊ သစ္စာပြုတယ်လို့
ဆိုရမှာဖြစ်ပါတယ်။ နှုတ်ကပြောဆိုပေမယ့်လည်း မိမိစကားကို မိမိကိုယ်တိုင် အပြည့်အ၀ ခြွင်းချက်မရှိ မယုံကြည်ရင် အဲ့ဒီသစ္စာဟာ စွမ်းအင်ပြည့်ဝမှာမဟုတ်ပါဘူး။အဲ့ဒါကြောင့်
ဒီကနေ့ဗီဒီယိုထဲမှာတော့ သစ္စာရဲ့စွမ်းအင်အကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

သေရေးရှင်ရေးကြောင့်ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ဖြစ် သစ္စာပြုတော့မယ်ဆိုရင် သရဏဂုံနဲ့ ငါးပါးသီလခံယူဆောက်တည်ရမှာဖြစ်ပါတယ်။ဘုရားဂုဏ်တော်ကို ဆင်ခြင်
ပွားများနေရမယ်၊ နောက်မှသာ သစ္စာပြုတာကို ဆောင်ရွက်သင့်ပါတယ်။ သစ္စာပြုရာမှာ မိမိအတွက်မဟုတ်ဘဲ ဆင်းရဲဒုက္ခရောက်နေတဲ့ သတ္တဝါတွေအတွက် ဒါမှမဟုတ်အမျိုးဘာ
သာသာသနာအတွက် ရည်ညွှန်းပြီး သစ္စာပြုရင် အစွမ်းသတ္တိပိုကြီးမားပါတယ်။ အဲ့ဒီနောက် မိမိရဲ့ သီလ၊ဂုဏ်တော် စတဲ့ အခြေခံအင်အားတွေ ကောင်းရင် ကောင်းသလောက်
သစ္စာရဲ့ အင်အားကလည်း ပိုပြီး မြင့်မားလာမှာ ဖြစ်ပါတယ်။

သစ္စာဟာ လောင်နေတဲ့မီးကို ငြိမ်းသတ်နိုင်ပါတယ်။သစ္စာဆိုပုံအကြောင်းကို ဥပမာပြရရင် ရှေးအခါက ကဏှာဒီပါယနလို့ခေါ်တဲ့ ရသေ့ကြီးတစ်ပါးရှိပါတယ်။အဲ့ဒီရသေ့ကြီးဆီ
မဏ္ဍဗျ သူကြွယ်လင်မယားနှစ်ဦးဟာ ယညဒတ် လို့ခေါ်တဲ့သားငယ်ကို ခေါ်ပြီး ဖူးမျှော်ဖို့လာပါတယ်။ လူကြီးတွေ စကားများနေတဲ့အချိန် ကလေးငယ်ကို မြွေကိုက်သွားတဲ့အတွက်
အဆိပ်တက်ပြီး ကလေးငယ်ဟာ မေ့မြောသွားပါတော့တယ်။

မိဘနှစ်ပါးဟာ ကလေးငယ်အတွက် စိုးရိမ်သောကရောက်ပြီး ရသေ့ကြီးရှေ့မှာ ငိုကြွေးခဲ့ပါတယ်။ ရသေ့ကြီးက ဒီကလေးကို သစ္စာပြုပြီးသာ ကယ်တင်လို့ ရမယ်ဆိုတာကိုသိတဲ့အ
တွက် သူငယ်ရဲ့ဦးခေါင်းကို ကိုင်ပြီးသစ္စာဆိုခဲ့ပါတယ်။ မိဘတွေကိုလည်း အသီးသီးသစ္စာပြုခိုင်းပါတယ်။ ရသေ့ကြီးသစ္စာဆိုပုံကတော့''ငါသည် ရဟန်းပြုခဲ့သည်မှာ နှစ်ပေါင်း ၅၀
ကျော်လာခဲ့ပြီ။ သို့သော် ၇ ရက်မျှသာ တရားကျင့်ကြံခဲ့၏။ ရသေ့ဘဝနှင့်လည်း မပျော်ပိုက်ပါ။ ဤမှန်သော သစ္စာစကားကြောင့် သူငယ်၏အဆိပ်များ ပျောက်ကင်းပါစေသတည်း"
ဟု သစ္စာဆိုခဲ့သည်။

အဲ့ဒီအခါ မြွေဆိပ်ဟာ ဦးခေါင်းကနေ ရင်ညွန့်အထိ ကျဆင်းသွားပါတော့တယ်။ သူငယ်ရဲ့ဖခင်ကလည်း ''အကျွန်သည် မျိုးရိုးထုံးစံရှိ၍သာပေးလှူရပါသည်။ ကဲ့ရဲ့ခံရမည်စိုး၍သာ
ပေးလှူရပါသည်။လှူလိုစိတ် အလျှင်းမရှိပါ။ဤမှန်သောသစ္စာစကားကြောင့် ကျွနု်ပ်သား၏အဆိပ်သည် ပြေပျောက်ပါစေသား"လို့ သစ္စာဆိုရာ အဆိပ်ဟာ ရင်ညွန့်ကနေ ခါးအထိကျ
သွားခဲ့ပါတယ်။ တဖန် သူကြွယ်ကတော်ကလည်း ''ကျွန်ုပ်သည် ကလေး၏ဖခင်ဖြစ်သူ မဏ္ဍဗျ သူကြွယ်အား မိဘများက ပေးစားလို့သာ မလွန်ဆန်နိုင်၍ လက်ထက်ခဲ့ရပါသည်။

ယခုအချိန်ထိတိုင် ချစ်ခင်စိတ်အလျှင်းမရှိပါ။ ဤမှန်သောသစ္စာစကားကြောင့် သားငယ်၏အဆိပ်များ ပျောက်ကင်းပါစေသား''လို့ သစ္စာဆိုလိုက်ရာ ကလေးငယ်ရဲ့အဆိပ်တွေအား
လုံးပြေသွားပြီး ပကတိအတိုင်းကျန်းမာကာ ထထိုင်ပြီး ဆော့ကစားပါတော့တယ်။ဒါကတော့ ဇာတ်တော်ကနေ လာတဲ့ သစ္စာပြုပုံဖြစ်ပါတယ်။ ပရိတ်ကြီး ၁၁ သုတ်က ရတနသုတ်
ဟာ သစ္စာ၊မေတ္တာနဲ့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေ ပါဝင်နေတဲ့အတွက် နေ့စဉ်ရွတ်ဖတ်သင့်ကြောင်းလည်း တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

T-Shirt = https://c.lazada.co.th/t/c.bs8ogC
Royal Tea = https://c.lazada.co.th/t/c.bs8ngt
Myanmar Flag = https://c.lazada.co.th/t/c.bs8ouw

Email ID
cameramanbk50@gmail.com

Social Links
👥 Facebook: https://www.facebook.com/sayadawtv
▶️ Main Channel: http://www.youtube.com/c/SAYADAWtv?su...
🎦 Another Channel: https://www.youtube.com/channel/UCf9q...
📩 Telegram: https://t.me/+jPFAW3tRWfM4NzE9
📸 Instagram: https://www.instagram.com/sayadawtv/
🐦 Twitter: https://twitter.com/SayadawT

#sayadawtv
#မနက်အိပ်ရာနှိုးတိုင်း
#တရားတော်များ
#မနက်တိုင်းဖွင့်
#ပရိတ်ပဌာန်းတော်
sayadaw tv live
တရားတော်များ 2020
မနက်ခင်း မေတ္တာပို့
မနက်ခင်း မေတ္တာပို့ ဓမ္မတေး
မနက်ခင်း မေတ္တာပို့တရား
မနက်ခင်းတရားတော်များ
မနက်ခင်း ပဌာန်း

Loading comments...