မာနကြောင့် တရားထူးမရသူ || SAYADAW tv

2 years ago
10

ပရိတ်တရားတော် ပဌာန်းဒေသနာတော်များကို လေးလေးစားစားနာယူခြင်း ရွတ်ဖက်ပူဇော်ခြင်းသည် မကောင်းသော အမှောင်ပယောဂ ဘေးဘယ ရန်မာရ်အပေါင်းတို့မှကင်းဝေးစေခြင်း ၊ ကပ်ရောဂါ ဒုက္ခဆင်းရဲခြင်းအပေါင်းတို့မှ ကင်းဝေးစေခြင်း ၊ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစေခြင်း အစရှိသည့် သုခအပေါင်းတို့ဖြင့် ပြည့်စုံစေပါသည်။ ထိုကြောင့် ဓမ္မမိတ်ဆွေအပေါင်းတို့အားလည်း ဤအစရှိသော ချမ်းသာခြင်းများကို ခံစားစံစားနိုင်စေရန်ရည်ရွယ်၍ Sayadaw tv မှ ဓမ္မသာဝနကုသိုလ်ပြုနေခြင်း ဖြစ်ပါသည်။ ဓမ္မမိတ်ဆွေများ အမြဲအလွယ်တကူး နာယူပူဇော်နိုင်ရန်အတွက် Sayadaw tv Channel ကို Subscribe လုပ်ထားခြင်းဖြင့် နေ့စဉ် ဓမ္မသာဝနကုသိုလ်တော်များ ပွားများနိုင်ကြပါစေခင်ဗျား……….

မာနကြောင့် တရားထူးမရခဲ့တဲ့သူတစ်ယောက်အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။
ကျွန်မတို့ပုထုဇဉ်လူသားတွေအတွက် ကြောက်စရာအကောင်းဆုံးအရာတွေထဲမှာ မာန်မာန ထောင်လွှားခြင်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တစ်လွဲမာနဆိုတာဟာ မထားသင့်
တဲ့အကြောင်းကို တရားတော်တွေနဲ့ ရဟန်းသံဃာတွေ၊ လူကြီးသူမတွေက ဆုံးမကြလေ့ရှိပါတယ်။

မထားသင့်တဲ့ မာနကြောင့် မဖြစ်သင့်တဲ့အပြစ်တွေ ဖြစ်သွားခဲ့ရတဲ့ဖြစ်စဉ်တွေကလည်း အများကြီးရှိခဲ့ပါတယ်။ အဲ့ဒီလိုပဲ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေထဲမှာလည်း မာနကြောင့်
တရားထူးမရခဲ့တဲ့သူတစ်ယောက် ရှိခဲ့ဖူးပါတယ်။ အဲ့ဒီအကြောင်းကို တင်ဆက်ပေးရမယ်ဆိုရင်တော့ ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်က အနာတပိဏ်သူဌေးကြီးအိမ်မှာ
ကျွန်တွေအများကြီးရှိပြီး ကျွန်အချင်းချင်း ပေါင်းဖက်လို့ မွေးဖွားခဲ့တဲ့ သပေါက် ၉၉ ယောက် ရှိပါတယ်။

ဒီလိုနဲ့ ပုဏ္ဏိကာလို့ အမည်ရတဲ့ သပေါက်မိန်းကလေးတစ်ယောက်ကို ထပ်မံမွေးဖွားခဲ့တာကြောင့် သူဟာ အယောက် ၁၀၀ မြောက် သပေါက်မလေး ဖြစ်လာခဲ့ပါတယ်။
ပုဏ္ဏိကာဆိုတဲ့ အဓိပ္ပာယ်ကတော့ ပြည့်စုံခြင်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကျွန်သပေါက်ဘဝဖြစ်တာကြောင့် သူ့ရဲ့ဘဝမှာ ပြည့်စုံတာမရှိဘဲ ဆင်းရဲခြင်း၊နိမ့်ကျခြင်း၊ ယုတ်နိမ့်ခြင်း
တွေနဲ့ပဲ ပြည့်စုံနေတာဖြစ်ပါတယ်။

သခင်နဲ့ကျွန်ဆိုတဲ့အတိုင်းပဲ ကျွန်ကတော့ ကျွန်နေရာမှာပဲ နေခဲ့ရပါတယ်။ အနာတပိဏ်သူဌေးကြီးအိမ်ကို ဂေါတမဘုရားရှင် ကြွလာပြီး တရားဟောရင်တောင်မှ ပုဏ္ဏိကာဟာ
ပုန်းကွယ်ပြီးတရားနာခဲ့ရတာဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ ပုဏ္ဏိကာဟာ ရှေးဘုရားခြောက်ဆူ လက်ထက်က ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ တိပိဋကဓရ ဘိက္ခုနီမ
ဖြစ်ခဲ့ပါတယ်။ သူဟာ ဗဟုသုတ ပြည့်စုံသူ တရားဟောကောင်းသူ သီလသမာဓိ ပညာ အစရှိတဲ့ သိက္ခာသုံးပါးကို ဖြည့်ကျင့်သူဖြစ်ပြီး ဝိပဿနာအလုပ်ကို ကြိုးစားအားထုတ်ခဲ့သူ
ဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း သူဟာ အရာရာကို ငါသိတယ် ငါတတ်တယ် ငါ့အမျိုးမြင့်မြတ်တယ်ဆိုပြီး မာနရှိခဲ့ပါတယ်။ အဲ့ဒီလိုမာနကြီးနေတာကြောင့် ကိလေသာကို အပြီးသတ်ပယ်သတ်ဖို့
မစွမ်းနိုင်ရှာဘဲ တရားထူးတရားမြတ် မရလိုက်တာဖြစ်ပါတယ်။ သက်တော်ထင်ရှား ဘုရားခြောက်ဆူနဲ့ ခြောက်ကြိမ်တိုင်တိုင် ကြုံနေရတာတောင် မာန ခံနေလို့ တရားမရခဲ့တာပါ။
အဲ့ဒါကြောင့် မာနကြီးတဲ့သူတွေဟာ နောက်ဘဝတွေမှာ တရားထူးမရတာ အပယ်ငရဲကျတာ အမျိုးယုတ်ညံ့တာ အစရှိတာတွေကို ဖြစ်တတ်ကြပါတယ်။

အဲ့ဒါကြောင့် ပုဏ္ဏိကာဟာ ဘုရားခြောက်ဆူလက်ထက်မှာ ပရိယတ် ပဋိပတ် ပြည့်စုံခဲ့ပေမယ့် မာနကြောင့် တရားမရခဲ့ပါဘူး။ ဂေါတမဘုရားရှင်လက်ထက်တော်ကျမှ ကျွန်မဘဝ
ကနေ ဘိက္ခုနီမဝတ်ပြီး ရဟန္တာဖြစ်ခဲ့ရပါတယ်။ အဲ့ဒါကြောင့် မျိုးရိုးမြင့်မားပြီး အသိပညာ အတတ်ပညာ ပြည့်စုံပေမယ့်လည်း မာနကြီးသူတွေအတွက် သင်ခန်းစာယူစေနိုင်ဖို့
တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။

T-Shirt = https://c.lazada.co.th/t/c.bs8ogC
Royal Tea = https://c.lazada.co.th/t/c.bs8ngt
Myanmar Flag = https://c.lazada.co.th/t/c.bs8ouw

👥 Facebook: shorturl.at/ovDFJ
▶️ Main Channel: shorturl.at/tzCNX
🎦 Another Channel: shorturl.at/estEP
📩 Telegram: https://t.me/+jPFAW3tRWfM4NzE9
📸 Instagram: https://www.instagram.com/sayadawtv/
🐦 Twitter: https://twitter.com/SayadawT

#sayadawtv
#မနက်အိပ်ရာနှိုးတိုင်း
#တရားတော်များ
#မနက်တိုင်းဖွင့်
#ပရိတ်ပဌာန်းတော်

Loading comments...