ရှင်ဥပါလိ၏ သံသရာ အမှားတစ်ခု ||SAYADAW tv

2 years ago
10

ပရိတ်တရားတော် ပဌာန်းဒေသနာတော်များကို လေးလေးစားစားနာယူခြင်း ရွတ်ဖက်ပူဇော်ခြင်းသည် မကောင်းသော အမှောင်ပယောဂ ဘေးဘယ ရန်မာရ်အပေါင်းတို့မှကင်းဝေးစေခြင်း ၊ ကပ်ရောဂါ ဒုက္ခဆင်းရဲခြင်းအပေါင်းတို့မှ ကင်းဝေးစေခြင်း ၊ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစေခြင်း အစရှိသည့် သုခအပေါင်းတို့ဖြင့် ပြည့်စုံစေပါသည်။ ထိုကြောင့် ဓမ္မမိတ်ဆွေအပေါင်းတို့အားလည်း ဤအစရှိသော ချမ်းသာခြင်းများကို ခံစားစံစားနိုင်စေရန်ရည်ရွယ်၍ Sayadaw tv မှ ဓမ္မသာဝနကုသိုလ်ပြုနေခြင်း ဖြစ်ပါသည်။ ဓမ္မမိတ်ဆွေများ အမြဲအလွယ်တကူး နာယူပူဇော်နိုင်ရန်အတွက် Sayadaw tv Channel ကို Subscribe လုပ်ထားခြင်းဖြင့် နေ့စဉ် ဓမ္မသာဝနကုသိုလ်တော်များ ပွားများနိုင်ကြပါစေခင်ဗျား……….

ရှင်ဥပါလိရဲ့ သံသရာအမှားတစ်ခုအကြောင်းကို ဗဟုသုတရဖွယ် ပြောပြပေးသွားမှာပဲ
ဖြစ်ပါတယ်။ ရှင်ဥပါလိဟာ သံသရာခရီးမှာ အမှားတစ်ခု လုပ်ခဲ့တဲ့အတွက်ကြောင့် နိမ့်ကျတဲ့ဘဝကို ရောက်သွားရှာတာ ဖြစ်ပါတယ်။ သူ့မှာ အင်မတန်ထူးချွန်တဲ့ အသိဉာဏ်တွေ
ရှိပါတယ်။ ဘဝကံက နိမ့်ကျပေမယ့် အသိဉာဏ်က မနိမ့်ကျပါဘူး။

လောကလူတွေက ဘဝနိမ့်ကျသလို အသိဉာဏ်ပါ နိမ့်ကျတတ်ပါတယ်။ အရေးကြီးတာက အသိဉာဏ်မနိမ့်ကျဖို့ပဲ လိုတာပါ။ ဘဝဆိုတာ အခြေအနေပေးသလို နေကြရတာဆိုတော့
နိမ့်ကျတဲ့ဘဝလည်း နိမ့်ကျမှာပါပဲ။ လောကလူတွေဟာ ပိုက်ဆံမရှိရင် နိမ့်ကျတယ်လို့ သတ်မှတ်ကြပါတယ်။ မျိုးရိုးမကောင်းရင်လည်း နိမ့်ကျတယ်လို့ သတ်မှတ်ကြပါတယ်။
တကယ်တော့ ပိုက်ဆံတို့၊မျိုးရိုးတို့ဆိုတာ လူရဲ့တန်ဖိုးအစစ်မဟုတ်ပါဘူး။ လူရဲ့တန်ဖိုးဆိုတာကတော့ အသိဉာဏ်ပဲ ဖြစ်ပါတယ်။

ရှင်ဥပါလိဟာ တရားဓမ္မကျင့်လိုက်တဲ့အခါကျတော့ အသိဉာဏ်နဲ့ ကြိုးစားလိုက်တဲ့အခါ သာသနာတော်မှာ ပထမသင်္ဂါယနာတင်တဲ့အခါမှာ ဝိနည်းကျမ်းကို
ဦးဆောင်တင်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ တပည့် သားမြေးတွေနဲ့ ထွန်းကားပြီးတော့ အင်မတန်အလေးပေးရတဲ့ ပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။ ရှင်ဥပါလိဟာ အရင်က မင်းသားတွေကို
ဆံပင်မုတ်ဆိတ်တွေ ပြုပြင်ပေးရတဲ့ နိမ့်ကျတဲ့ ဆတ္တာသည်ဘဝကနေ အခုလို ဖြစ်လာတာပဲ ဖြစ်ပါတယ်။

ဘာလို့ဒီလိုနိမ့်ကျတဲ့ဘဝကို ရောက်ခဲ့ရတာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ တစ်ခါတုန်းက သူ မင်းသားဘဝမှာ ပစ္စေကဗုဒ္ဓတစ်ပါးကို အောက်တန်းစားပုဂ္ဂိုလ်ဆိုပြီး
စော်ကားမော်ကားပြောဆိုခဲ့ဖူးပါတယ်။ ပစ္စေကဗုဒ္ဓဆိုတာ ပံ့သကူသင်္ကန်းဝတ်ထားတာဆိုတော့ တောက်တောက်ပြောင်ပြောင် မရှိလှပါဘူး။ လူတကာမလိုချင်တဲ့ အဝတ်တွေကို
ဖြစ်သလို စပ်ချုပ်ထားတဲ့ ပံ့သကူသင်္ကန်းဝတ်ထားတာကို သူ့ရဲ့စိတ်ထဲမှာ သူတောင်းစားဆိုပြီး အထင်အမြင်သေးသွားတာ ဖြစ်ပါတယ်။

ဒီလိုသူတစ်ပါးအပေါ် အထင်အမြင်သေးတာဟာ သိပ်ကြောက်ဖို့ကောင်းပါတယ်။ ဒီတော့မြင်မြင်သမျှအပေါ် အထင်သေး အမြင်သေးပြီး စော်စော်ကားကား မပြုမိအောင် ဘယ်သူ့
ကိုမှ စော်ကားမှု မပြုမိအောင် သတိထားကြရမှာ ဖြစ်ပါတယ်။ သူတော်ကောင်းကို စော်ကားမိတော့ သူ့ရဲ့စိတ်ထားအတိုင်း ဘဝတွေမှာ နိမ့်ကျတဲ့ဘဝတွေချည်း ကြုံတွေ့ရပါတယ်။
နောက်ဆုံးရဟန္တာဖြစ်မယ့် ဘဝမှာတောင် နိမ့်ကျတဲ့ဘဝကနေ စတင်ရပါတယ်။

လူ့အသိုင်းအဝိုင်းဆိုတာထက် ကိုယ်ကိုယ်တိုင်ဟာ အဆင့်မြင့်တဲ့ဘဝ၊ လူအထင်သေးမခံရတဲ့ ဘဝမျိုးဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ စိတ်ထား၊နှလုံးသားကလည်း အင်မတန်အရေးကြီးပါတယ်။
သံသရာခရီးမှာ လွဲလွဲမှားမှား အမှားတစ်ခုလုပ်မိလို့ရှိရင် သံသရာမှာ ခံရတတ်တယ်ဆိုတာ နားလည်သဘောပေါက်ပြီး ဘယ်သူ့ကိုမှ စော်ကားတာမျိုး မပြုမိအောင် သတိထားကြ
ရမှာ ဖြစ်တယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

T-Shirt = https://c.lazada.co.th/t/c.bs8ogC
Royal Tea = https://c.lazada.co.th/t/c.bs8ngt
Myanmar Flag = https://c.lazada.co.th/t/c.bs8ouw

👥 Facebook: shorturl.at/ovDFJ
▶️ Main Channel: shorturl.at/tzCNX
🎦 Another Channel: shorturl.at/estEP
📩 Telegram: https://t.me/+jPFAW3tRWfM4NzE9
📸 Instagram: https://www.instagram.com/sayadawtv/
🐦 Twitter: https://twitter.com/SayadawT

#sayadawtv
#ရှင်ဥပါလိ
#သံသရာ
#အမှားတစ်ခု
#ပရိတ်ပဌာန်းတော်

Loading comments...