နတ်တွေစောင့်ရှောက်ခြင်း || SAYADAW tv

1 year ago
13

နတ်တွေစောင့်ရှောက်ခြင်း || SAYADAW tv

နတ်တွေက ဘယ်လိုပုဂ္ဂိုလ်မျိုးတွေကို စောင့်ရှောက်ကြလဲဆိုတာနဲ့ ပတ်သက်ပြီး
ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ အရှင်သာရိပုတြာ တပည့်လေးဟာ တရားထိုင်နေတုန်း အနာဂါမ်ဖြစ်ပြီး ရဟန္တာဖြစ်ခါနီးမှာ ရှင်သာရိပုတြာက အပြင်ကနေ ဆွမ်းခံပြန်လာခဲ့ပြီး
ကျောင်းထဲဝင်လိုက်တာနဲ့ ကိုရင်လေးဟာ သမာဓိပျက်ပြီး ရဟန္တာမဖြစ်နိုင်တော့ပါဘူးဆိုတဲ့အဖြစ်အပျက်ကို ဘုရားရှင်က သိရှိတော်မူပါတယ်။

ဒါကြောင့်ဘုရားရှင်ဟာ ရှင်သာရိပုတြာ ကျောင်းထဲမရောက်ခင် တံခါးဝကစောင့်ပြီး အရှင်သာရိပုတြာနဲ့ စကားပြောဆိုပြီး အချိန်ဆွဲထားခဲ့ပါတယ်။ ဘုရားရှင်ရဲ့ အကြံတော်ကိုသိ
တော့ သိကြားမင်းကလည်း ကိုရင်လေး တိတ်ဆိတ်စွာ တရားကျင့်ဖို့အတွက် ခြင်္သေ့အယောင်ဆောင်ပြီး ကျောင်းနားကနေ အခြားတိရစ္ဆာန်တွေ မလာနိုင်အောင် စောင့်ပေးပါတယ်။
နောက်ပြီး မွမ်းတည့်ချိန် ရောက်ခါနီးတဲ့အတွက် ကိုရင်လေး ရဟန္တာဖြစ်ပြီး ဆွမ်းမစားရမှာစိုးလို့ နေနတ်သားကလည်း နေလုံးကို ဖမ်းဆုတ်ပြီး မွမ်းမလွဲအောင်တားထားပါတယ်။

ကိုရင်လေး ရဟန္တာဖြစ်သွားတော့မှ ဘုရားရှင်က အသင့်တပည့်လေးကို ဆွမ်းသွားကျွေးလိုက်ဦး ဆာနေပြီဆိုပြီး လွှတ်လိုက်ပါတယ်။ ကိုရင်လေးလည်း ဆွမ်းစားပြီးတော့မှ နေနတ်
သားကလည်း နေကိုလွှတ်လိုက်ပါတယ်။ ချက်ချင်းကြီးမွန်းလွဲသွားတဲ့အတွက် အခြားရဟန်းတွေ မေးလျှောက်တော့မှ ဘုရားရှင်က အဲ့ဒီဇာတ်ကြောင်းကို ဟောတော်မူပြီး သူတော်
ကောင်းအလုပ်ကို လုပ်ရင် နတ်တွေ မကူညီလို့ မရကြောင်း ဟောကြားခဲ့ပါတယ်။

တကယ်တော့ နတ်ပြည်နတ်လောကမှာ နတ်သဘင် အစည်းအဝေးတွေ ကျင်းပတယ်ဆိုတာ လူ့ပြည်က တရားအားထုတ်တဲ့ သူတော်ကောင်းတွေကို စောင့်ရှောက်ဖို့ သာသနာတော်
အတွက် ပေးဆပ်နေသူတွေကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ အထက်နတ်မင်းကြီးတွေကနေ အောက်နတ်တွေအထိ အဆင့်ဆင့်စောင့်ရှောက်ဖို့ ခွဲတမ်းချတာဝန်ပေးခြင်းကိစ္စတွေကို
ပြုလုပ်တာပဲ ဖြစ်ပါတယ်။

တရားကျင့်နေတဲ့သူ ဒါမှမဟုတ် သာသနာတော်အတွက် ပေးဆပ်နေသူတွေဟာ ဒုက္ခရောက်နေပြီဆိုရင် မိမိနိုင်သလောက် ကူညီပေးရပါတယ်။ မကူညီရင် အနီးနားက အောက်
နတ်တွေဟာ အထက်နတ်မင်းကြီးတွေရဲ့ ဒဏ်ခတ်တာကို ခံရပါတယ်။ အဲ့ဒါကြောင့် သူတို့တွေဟာ သူတော်ကောင်းတွေကို ဥပေက္ခာပြုလို့မရဘဲ အမြဲစောင့်ကြည့်နေရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တောထဲမှာ တရားကျင့်နေတဲ့ ဆရာတော်တွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဝေဘူဆရာတော်ဘုရားကြီးဆိုရင် ဒို့များ စမ်းကြည့်တာမှန်တယ်ဗျာ
လို့တောင် ပြောယူရပါတယ်။

သစ်ပင်ရှိရင် ဆွမ်းရှိတာပဲ ဆိုပြီး သစ်ပင်တွေအောက် ဆွမ်းခံတာ ဆွမ်းရတဲ့အကြောင်း စမ်းသပ်ပြီး မိန့်တော်မူတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရဟန်းဆိုရင်လည်း ဝိနည်းသိက္ခာပုဒ်
တွေကို စောင့်ထိန်းနိုင်မယ်ဆိုရင် လူဆိုရင်လည်း ငါးပါးသီလကို စောင့်ထိန်းနိုင်မယ်ဆိုရင် နတ်တွေက စောင့်ရှောက်ဖို့ အမြဲတမ်းစောင့်ကြည့်ပေးနေတယ်ဆိုတဲ့အကြောင်း
တင်ဆက်ပေးလိုက်ရပါတယ်။

T-Shirt = https://c.lazada.co.th/t/c.bs8ogC
Royal Tea = https://c.lazada.co.th/t/c.bs8ngt
Myanmar Flag = https://c.lazada.co.th/t/c.bs8ouw

👥 Facebook: shorturl.at/ovDFJ
▶️ Main Channel: shorturl.at/tzCNX
🎦 Another Channel: shorturl.at/estEP
📩 Telegram: https://t.me/+jPFAW3tRWfM4NzE9
📸 Instagram: https://www.instagram.com/sayadawtv/
🐦 Twitter: https://twitter.com/SayadawT

#sayadawtv
#နတ်
#နတ်တွေစောင့်ရှောက်ခြင်း
#မနက်တိုင်းဖွင့်
#ပရိတ်ပဌာန်းတော်

Loading comments...