ကံဆိုးကံညံ့တွေ မကျရောက်နိုင်ဘဲ အကောင်းဘက်ကို

2 years ago
4

ဘုရားပေးတဲ့ယတြာလို့ ခေါင်းစဉ်ရတဲ့ အကြောင်းအရာလေးကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်
ဗေဒင်နဲ့လက္ခဏာပညာဟာ အရှေ့တိုင်းမှာ အရမ်းထွန်းကားပြီး ကျယ်ပြန့်တဲ့ပညာရပ်တွေဖြစ်ပါတယ်။ ဟိုးအရင်ကလည်း မြန်မာပြည်မှာ ဗေဒင်နဲ့ လက္ခဏာပညာမှာ နိုင်ငံ့ခေါင်း
ဆောင်တွေ၊ သူဌေးတွေ၊ ရုပ်ရှင်လောကသားတွေနဲ့ ပြည်သူတွေကပါ လေးစားဂုဏ်ပြုခဲ့တဲ့ ပါရမီရှင်ပုဂ္ဂိုလ်တစ်ဦး ရှိခဲ့ပါတယ်။

အဲ့ဒီပုဂ္ဂိုလ်ကြီးကတော့ ဆရာကြီး စန္ဒြဆိုပြီး လူသိများပါတယ်။ သူဟာ ဘယ်အသက်အရွယ်မှာသေမလဲ၊ ဘယ်ချိန်မှာ ဘာဖြစ်မလဲ၊ ဘယ်ချိန်မှာ အောင်မြင်မလဲ၊ ဘယ်ချိန်မှာ
့ပြည်ပကို ခရီးထွက်ရမလဲ စတာတွေကအစ အတတ်ဟောနိုင်တဲ့ အအောင်မြင်ဆုံး မြန်မာနိုင်ငံရဲ့ လက္ခဏာဗေဒင် ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ဟောခန်းမှာ ရဟန်း
သာမဏေများနှင့် သီလရှင်များအား မဟောပါ ဆိုပြီး ဆိုင်းဘုတ်ချိတ်ထားပါတယ်။

အဲ့ဒါနဲ့ပတ်သက်ပြီး ဆရာစန္ဒြကို မေးမြန်းကြည့်တဲ့အခါမှာတော့ သူဟာ ရဟန်းသာမဏေတွေနဲ့ သီလရှင်တွေကို မကောင်းတဲ့အတိတ်နိမိတ်မြင်လို့ ကြိုတင်နိမိတ်ဖတ် ဟောတဲ့အခါ
မှာ လွဲတာကများတယ်လို့ ပြောပါတယ်။ ရဟန်းသံဃာတွေဟာ နေ့စဉ်နဲ့အမျှ ဘုရားကို သောက်တော်ရေ၊ ပန်းတော်၊ ဆွမ်းတော် အစရှိတဲ့ ဘုရားဝေယျာဝေစ္စ၊ ပရိတ်ပဠာန်း
ရွတ်ဖတ်ပူဇော်တဲ့ ဓမ်မာနုဿတိ ကျောင်းသင်္ဃန်းအတွင်း တံမြက်စည်းလှည်းခြင်း အစရှိတဲ့ ကုသိုလ်ကိစ္စတွေကို နေ့စဉ်မပြတ် ပြုလုပ်နေကြတာကြောင့် နောင်ဖြစ်လာမယ့်
အတိတ်နိမိတ်တွေဟာ မဖြစ်နိုင်ကြတော့ဘူးလို့ ဆိုပါတယ်။

ကုသိုလ် စရဏတရားတွေ အမြဲမပြတ်ပြုလုပ်နေသူတွေကို သူဟောကိန်းထုတ်လိုက်ရင် လွဲတာက များတယ်လို့ ပြောပါတယ်။ အဲ့ဒါကြောင့် ရဟန်းသံဃာတွေနဲ့ သီလရှင်တွေကို
ဗေဒင်မဟောတာဆိုပြီး ဆရာကြီး စန္ဒြက ပြောပါတယ်။ သူဟာ အသက် ၇၂ နှစ်မှာ သေမယ်လို့ သူ့ဗေဒင်ပညာအရ သိတဲ့အခါမှာ သူ့ရဲ့ဗေဒင်လက္ခဏာပညာကို ခဏရပ်နားပြီး
ဆရာတော်ကြီးတွေရဲ့ အဆုံးအမကိုခံယူကာ အညာဒေသကိုသွားပြီး နွားတွေဝယ် ဘေးမဲ့လွှတ်၊ ရေရှားတဲ့ဒေသတွေမှာ ရေတွင်းရေကန်တွေ တူးပြီးလှူတဲ့ ကုသိုလ်တွေကို ပြုလုပ်
ခဲ့ပါတယ်။

အသက် ၇၂ နှစ်အရွယ်မှာ မသေခဲ့တဲ့အတွက် သူ့ရဲ့ပညာတွေကို အပြီးအပိုင်စွန့်လွှတ်ပြီး ရဟန်းဝတ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်ဗုဒ္ဓတရားတော်တွေက လူတစ်ယောက်ရဲ့ ကံဇာတာ
ကို ပြောင်းလဲပေးနိုင်တဲ့အကြောင်းကို ရဟန်းဘဝနဲ့ပဲ ဆောင်းပါးပေါင်းများစွာ ရေးသားခဲ့ပါတယ်။ သက်တော် ၈၃ နှစ်ကျမှ ရွှေပြည်သာက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ
လူကြီးရောဂါနဲ့ ပျံလွန်တော်မူခဲ့ပါတယ်။

အဲ့ဒါကြောင့် ကုသိုလ်အလုပ်တွေကို စဉ်ဆက်မပြတ် ပြုလုပ်နေသူတွေအတွက် ကံဆိုးကံညံ့တွေ မကျရောက်နိုင်ဘဲ မကောင်းတဲ့အတိတ်နိမိတ်တွေဟာလည်းအကောင်းဘက်ကို
ရောက်ရှိသွားတယ်ဆိုတာကိုတွေ့ရမှာ ဖြစ်ပါတယ်။အဲ့ဒါကြောင့်ပရိသတ်ကြီးအနေနဲ့လည်း ဘဝမှာ အဆင်မပြေမှုတွေ ကြုံလာတဲ့အချိန်တိုင်း ဘုရားဝေယျာဝစ္စတွေ ပရိတ်ပဌာန်း
ရွတ်တာတွေ ရေအလှူ၊ ဆေးအလှူ၊ လမ်းအလှူ အစရှိတဲ့ ကုသိုလ်တွေကို အတတ်နိုင်ဆုံး စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

T-Shirt = https://c.lazada.co.th/t/c.bs8ogC
Royal Tea = https://c.lazada.co.th/t/c.bs8ngt
Myanmar Flag = https://c.lazada.co.th/t/c.bs8ouw

👥 Facebook: shorturl.at/ovDFJ
▶️ Main Channel: shorturl.at/tzCNX
🎦 Another Channel: shorturl.at/estEP
📩 Telegram: https://t.me/+jPFAW3tRWfM4NzE9
📸 Instagram: https://www.instagram.com/sayadawtv/
🐦 Twitter: https://twitter.com/SayadawT

#sayadawtv
#ဘုရားပေးတဲ့ယတြာ

Loading comments...