အဇာတသတ်မင်းနဲ့ အရိမေတ္တယျလောင်း || SAYADAW tv

2 years ago
16

အဇာတသတ်မင်းနဲ့ အရိမေတ္တယျလောင်း || SAYADAW tv

နောင်ပွင့်မယ့် အရိမေတ္တယျလောင်းနဲ့ အဇာတသတ်မင်းတို့ ဘယ်လိုဆက်စပ်နေလဲ
ဆိုတာပြောပြပေးမှာဖြစ်ပါတယ်။အဇာတသတ်မင်းဟာ ဖခင်ဗိမ္ဗိသာရမင်းကြီးကို သတ်မိပြီး ကြီးစွာသော နောင်တတရားတွေနဲ့ စားမဝင်အိပ်မပျော်ဖြစ်နေတဲ့အတွက် မှူးကြီးမတ်ရာ
တွေက ဂေါတမမြတ်စွာဘုရားကို သွားရောက်ဖူးမျှော်ဖို့အကြံပေးလိုက်ပါတယ်။

အဲ့ဒီအချိန်ဟာတန်ဆောင်မုန်းလပြည့်နေ့ဖြစ်တဲ့အတွက် မြတ်စွာဘုရားဟာအဇာတသတ်မင်းကို သာမညဖလသုတ္တန်တရားတော်ဟောကြားပေးလိုက်ပါတယ်။ အဇာတသတ်မင်းဟာ
တရားနာပြီးပြီးချင်းသံဝေဂကြီးစွာရပြီး မြတ်စွာဘုရားကို တုနှိုင်းမဲ့ကြည်ညိုစိတ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။အရင်က သူ့ဆရာဒေဝဒတ်ရဲ့ မြှောက်ထိုးပင့်ကော် ပြုမိခဲ့တာတွေကို
မြတ်စွာဘုရားထံဝန်ချတောင်းပန်ခဲ့ပါတယ်။အဲ့ဒါကြောင့် အဇာတသတ်မင်းဟာမြတ်စွာဘုရားထံမှာ ရဟန်းပြုဖို့ခွင့်တောင်းခဲ့ပေမယ့်လည်း ဖခင်ကိုသတ်မိခဲ့တဲ့သူ
ကံကြီးထိုက်နေသူဖြစ်တဲ့အတွက် မဟာအဝီစိငရဲကို ဧကန်မလွဲ ကျရောက်မယ့်သူပါ။

ဒါပေမဲ့မြတ်စွာဘုရားဆီက သာမညဖလသုတ်ကို နာပြီးချိန်ကစပြီး မဟာအဝီစိငရဲမှာကျရမယ့်အစား အပြစ်ပေါ့တဲ့ လောကဟုမ္ဘိငရဲမှာပဲ ကျရောက်ခဲ့ပါတယ်။ ဖခင်ကိုသတ်မိလို့
ရဟန်းဝတ်ခွင့်မရတဲ့ အဇာတသတ်မင်းဟာ ဖခင်ဗိမ္ဗိသာရမင်းကြီးကို အကျဉ်းချပြီးသတ်တဲ့အချိန်မှာပဲ အဇိတအမည်ရှိတဲ့ သားယောင်္ကျားလေး မွေးဖွားခဲ့ပါတယ်။အဇာတသတ်ဟာ
ကိုယ်တိုင်ရဟန်းဝတ်ခွင့်မရတော့ သားဖြစ်သူ အဇိတမင်းသားကို အသက် ၁၆ နှစ်အရွယ်ကတည်းက ဘုရားရှင်ထံမှာ သာသနာ့ဘောင်ကို သွတ်သွင်းခဲ့ပါတယ်။

တစ်နေ့မြတ်စွာဘုရားဟာ နိဂြောဓာရုံကျောင်းတိုက်မှာ လက်ဝဲ၊လက်ယံတို့အပါအဝင် တရားဟောပြနေချိန်မှာ မိထွေးတော်ဂေါတမီက မြတ်စွာဘုရားထံ ရွှေသင်္ကန်းနှစ်စုံကပ်လှူပါ
တယ်။မြတ်စွာဘုရားက ရွှေသင်္ကန်းတစ်စုံကိုပဲ အလှူလက်သင့်ခံခဲ့ရပြီး ကျန်တဲ့သင်္ကန်းတစ်စုံကိုတော့ သင့်တော်တဲ့ရဟန်းကို အလှူခံစေပါတယ်။ ရှင်သာရိပုတ္တရာ၊ အာနန္ဒာအစရှိတဲ့
ရဟန္တာတွေဟာ ကျန်တဲ့ရွှေသင်္ကန်းတစ်စုံကို ထွက်ပြီးအလှူမခံရဲကြပါဘူး။ဘာလို့လဲဆိုတော့ သင်္ကန်းအတူတူကို လက်ခံလိုက်ရင် ဘုရားနဲ့အတူတူ ဖြစ်သွားတော့မှာမို့လို့ပါ။

အဲ့ဒိအချိန်မှာပဲ အဇိတရဟန်းဟာ ထွက်ပြီးတော့ ဂေါတမီရဲ့ကျန်ရှိနေတဲ့ရွှေသင်္ကန်းတစ်စုံကို အလှူခံလိုက်တဲ့အခါ တရားနာပရိသတ်တွေအားလုံးက အဇိတရဟန်းကိုအပြစ်တင်ဝေ
ဖန်ကုန်ကြပါတယ်။ အဲ့ဒီအခါ မြတ်စွာဘုရားက လက်ထဲကမြသပိတ်တစ်လုံးကို တစ်ခဏအတွင်း တန်ခိုးနဲ့ဖျောက်လိုက်ပြီး ပြန်ရအောင်ယူစေခိုင်းတဲ့အခါ အဇိတရဟန်းကကိုယ်
ရောင်ဖျောက်သွားပြီး စင်္ကြာဝဠာတိုက်တစ်သောင်းကြားမှာ ဝှက်ထားတဲ့ မြတ်စွာဘုရားရဲ့ မြသပိတ်ကို တခဏချင်းယူပြနိုင်ခဲ့ပါတယ်။ ဘယ်ရဟန္တာမှ မြသပိတ်ကို တစ်ခဏအတွင်း
ရအောင် မယူနိုင်ခဲ့ကြပါဘူး။

အဲ့ဒီအခါ မြတ်စွာဘုရားက အဇိတရဟန်းဟာ သာမညရဟန်းမဟုတ်ဘဲ နောင်ပွင့်တော်မူမယ့် အရိမေတ္တယျဘုရားပဲ ဖြစ်တယ်လို့ မိန့်တော်မူတဲ့အခါကျမှ အဇိတရဟန်းဟာ သူ့ကိုယ်
သူ နောင်ပွင့်မယ့် အရိမေတ္တယျဘုရားအလောင်းမှန်းသိရတော့တာဖြစ်ပါတယ်။

T-Shirt = https://c.lazada.co.th/t/c.bs8ogC
Royal Tea = https://c.lazada.co.th/t/c.bs8ngt
Myanmar Flag = https://c.lazada.co.th/t/c.bs8ouw

Email ID
cameramanbk50@gmail.com

Social Links
👥 Facebook: https://www.facebook.com/sayadawtv
▶️ Main Channel: http://www.youtube.com/c/SAYADAWtv?su...
🎦 Another Channel: https://www.youtube.com/channel/UCf9q...
📩 Telegram: https://t.me/+jPFAW3tRWfM4NzE9
📸 Instagram: https://www.instagram.com/sayadawtv/
🐦 Twitter: https://twitter.com/SayadawT

#sayadawtv
#မနက်အိပ်ရာနှိုးတိုင်း
#တရားတော်များ
#မနက်တိုင်းဖွင့်
#ပရိတ်ပဌာန်းတော်
sayadaw tv live
တရားတော်များ 2020
မနက်ခင်း မေတ္တာပို့
မနက်ခင်း မေတ္တာပို့ ဓမ္မတေး
မနက်ခင်း မေတ္တာပို့တရား
မနက်ခင်းတရားတော်များ
မနက်ခင်း ပဌာန်း

Loading comments...