သာဓုခေါ်တာ ဘာလို့ မရတာတုန်း || Sayadaw Tv

2 years ago
1

သာဓုခေါ်တာ ဘာလို့ မရတာတုန်း || Sayadaw Tv

ကုသိုလ်ရှိမှ ကယ်လို့ရနိုင်တယ်ဆိုတဲ့အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်
ခုခေတ်လူတွေဟာ ခဏခဏ သာဓုခေါ်နေကြတာ ဘာလို့မရတာတုန်းလို့ မေးကောင်းမေးကြပါလိမ့်မယ်။ ဥပမာပြောရရင် ငွေအင်အားရှိနေတဲ့လူတွေကို ထမင်းတစ်နပ်ခေါ်ကျွေး
တော့ သူ့မှာစားရလည်း သိပ်ပြီးမထူးခြားပါဘူး။ မစားရလည်း သိပ်ပြီးမထူးခြားဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ပြည့်စုံနေတဲ့သူဖြစ်နေတဲ့အတွက်ကြောင့်ပါ။ မပြည့်စုံတဲ့လူတွေ
အတွက်ကျတော့ အင်မတန်မှ ကွာခြားသွားပါတယ်။

ပြိတ္တာဘုံရောက်နေတဲ့ ပုဂ္ဂိုလ်တွေအဖို့တော့ အကျွတ်အလွတ်ပွဲတွေ လုပ်ပြီး အမျှအတန်းပေးဝေတာ အင်မတန်မှ ကောင်းတဲ့လုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။ သူတို့အတွက်ချက်ချင်း
အကျိုးရှိတယ်။ အဲ့ဒီတော့ လူသားတစ်ယောက် ဒီလိုသာဓုခေါ်ရုံနဲ့ ကောင်းကျိုးချမ်းသာတွေ ရတာ မရှိဘူးလားဆိုတော့ ငါးရာ့ငါးဆယ်ဇာတ်ထဲမှာ သင်္ခဇာတ်ဆိုတာရှိပါတယ်။
ဘုရားအလောင်း သင်္ခပုဏ္ဏားကြီးက ကုသိုလ်ကောင်းမှုလုပ်တဲ့သူဖြစ်ပါတယ်။ တစ်နေ့ ပင်လယ်ခရီးထွက်တဲ့အခါ သင်္ဘောပျက်လို့ သူ့နောက်ကပါလာတဲ့ တပည့်တစ်ယောက်နဲ့
သူတို့နှစ်ယောက် ပျဉ်ချပ်တစ်ခုပေါ်မှာ မျောပါပြီး ခုနှစ်ရက်လုံးလုံး ပင်လယ်ထဲမှာ ဒုက္ခရောက်နေကြပါတယ်။

သင်္ခပုဏ္ဏားကြီးဟာ သူလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုကြောင့် ပင်လယ်စောင့်နတ်သမီးကလာပြီး သူ့ကိုကယ်တင်ခဲ့ပါတယ်။ ကယ်တင်တဲ့အခါ သင်္ခပုဏ္ဏားတစ်ယောက်ထဲကိုပဲ
ကယ်တင်ခဲ့တာဖြစ်ပြီး သူ့တပည့်ကိုတော့ မကယ်တင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲ မကယ်တင်ရတာလဲဆိုတော့ သူ့မှာ ဘာကုသိုလ်မှ မရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဆိုလိုတာက
တော့ ကုသိုလ်ရှိမှ ကယ်လို့ရတာဖြစ်ပါတယ်။

လူဆိုတာ သနားချင်ပေမယ့် သနားလို့မရဘူးဆိုတာ ရှိပါတယ်။ ကံမပါရင်တော့ သနားလို့မရပါဘူး။ ဥပမာပြရရင် မြတ်စွာဘုရားက အင်မတန်ကြီးမားတဲ့ တန်ခိုးရှင်ဖြစ်ပေမယ့်
လူတိုင်းကို ဧဟိဘိက္ခူခေါ်ပြီး တန်ခိုးနဲ့ပြီးတဲ့ သင်္ကန်းသပိတ်ပေးလို့မရပါဘူး။ ကုသိုလ်ကံရှိတဲ့ ပုဂ္ဂိုလ်ကိုသာ ကံလမ်းဖွင့်ပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။ အတိတ်ဘဝတုန်းက
သင်္ကန်းသပိတ်လှူပြီး ဆုတောင်းခဲ့တဲ့ ပုဂ္ဂိုလ်မဟုတ်ရင် မြတ်စွာဘုရားတောင် လုပ်ပေးလို့မရဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီတော့ တပည့်က ကုသိုလ်ကံမရှိတဲ့အတွက် နတ်သမီးက လျစ်လျူရှုထားတော့ ဘုရားအလောင်းသင်္ခပုဏ္ဏားက သူ့ကို ကုသိုလ်ရှိလာစေဖို့အတွက် ''လမ်းမှာတုန်းက ဖိနပ်တို့
ထီးတို့ လှူခဲ့တဲ့ ငါ့ရဲ့ကုသိုလ်ကောင်းမှုရှိတယ်။ အဲ့ဒီကုသိုလ်ကို မင်းအတွက် အမျှဝေပါတယ်"လို့ ပြောပြီးအမျှဝေပေးတဲ့အခါ တပည့်ဖြစ်သူက သာဓုခေါ်ခဲ့ပါတယ်။
သာဓုခေါ်လိုက်တဲ့အခါကျမှ သူ့ကို ကယ်တင်နိုင်ခဲ့တာဖြစ်တဲ့အတွက် သာဓုခေါ်တဲ့ ကုသိုလ်ဟာ လူသားစင်စစ်ပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို
ဗဟုသုတရဖွယ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

T-Shirt = https://c.lazada.co.th/t/c.bs8ogC
Royal Tea = https://c.lazada.co.th/t/c.bs8ngt
Myanmar Flag = https://c.lazada.co.th/t/c.bs8ouw

Email ID
cameramanbk50@gmail.com

Social Links
👥 Facebook: https://www.facebook.com/sayadawtv
▶️ Main Channel: http://www.youtube.com/c/SAYADAWtv?su...
🎦 Another Channel: https://www.youtube.com/channel/UCf9q...
📩 Telegram: https://t.me/+jPFAW3tRWfM4NzE9
📸 Instagram: https://www.instagram.com/sayadawtv/
🐦 Twitter: https://twitter.com/SayadawT

#sayadawtv
#မနက်အိပ်ရာနှိုးတိုင်း
#တရားတော်များ
#မနက်တိုင်းဖွင့်
#ပရိတ်ပဌာန်းတော်
sayadaw tv live
တရားတော်များ 2020
မနက်ခင်း မေတ္တာပို့
မနက်ခင်း မေတ္တာပို့ ဓမ္မတေး
မနက်ခင်း မေတ္တာပို့တရား
မနက်ခင်းတရားတော်များ
မနက်ခင်း ပဌာန်း

Loading comments...